စာတွေ့ယာဉ်မောင်းစာမေးပွဲဖြေရန် စကားပြန်အကူအညီမှာယူလိုပါက
၁။ သတ်မှတ်ထားသော ရုပ်မြင်သံကြားကိရိယာရှိထားသည့် အောက်ပါ စကားပြန်အကျိုးဆောင်လုပ်ငန်း မှတဆင့် မှာကြားပါ။
၂။ မှာကြားရာတွင် မည်သည့်စကားပြန်ကို မှာယူလိုကြောင်း တိတိကျကျပြောခွင့်ရှိသည်။ သို့သော် စာတွေ့ဖြေနေစဉ် ၂ နာရီ အတွင်း မည်သည့်စကားပြန်ကိုမျှ အဖြေမှန်ရှာဖွေပေးရန် အကူအညီ တောင်းခွင့်မရှိ။
(မှတ်ချက်။ က ။ စကားပြန်သည် ဘာသာပြန်ပေးရာတွင် ကျင့်ဝတ်နှင့်အညီ မည်သည့်ဖက်ကိုမျှ လုံးဝ မျက်နှာမလိုက်ရ။
ခ ။ စာမေးပွဲဖြေနေစဉ်အတွင်း ဘာသာပြန်ပြောဆိုသမျှအားလုံးကို အသံဖမ်းထားလေ့ရှိပြီး လိုအပ်လျှင် အခြားစကားပြန် တယောက်ထံပို့ကာ ပြန်လည်စိစစ်ကောင်းစိစစ်နိုင်သည်။ အကယ်၍ မရိုးသားမှု ပါခဲ့ကြောင်းတွေ့ရလျှင် -
- စာမေးပွဲအောင်မြင်မှုကို ပယ်ဖျက်ပစ်သည်။
- စကားပြန်ကို ဥပဒေအရ အရေးယူအပြစ်ပေးသည်။
ဂ ။ စာမေးပွဲဖြေနေစဉ်အတွင်း စကားပြန်ကို သက်ဆိုင်ရာဌာနမှအာဏာပိုင်များက အချိန်မရွေး ရှောင်တခင်ဝင်ရောက် စစ်ဆေးနိုင်သည်။ စကားပြန်သည် ရုပ်မြင်သံကြားအခန်းထဲသို့ မည်သည့်ဆက်သွယ်ရေးကိရိယာ မည့်သည့်စာအုပ်စာတမ်းမျှ ယူဆောင်သွားခွင့်မရှိ။ )
၃။ မြန်မာပြည်တွင် သုံးနေကျ (ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန-က.ည.န.၊ ယာဉ်မောင်းလိုင်စင်ဌာနစိတ် ၏) ယာဉ်နှင့်လမ်း စည်းကမ်းဆိုင်ရာ အခေါ်အဝေါ်များကို နားလည်ထားသူဖြစ်လျှင် အဆင်အပြေဆုံး ဖြစ်ပါလိမ့်မည်။
၎။ မေးခွန်းကို နားမလည်ပါက နားလည်သည်အထိ ပြန်မေးခွင့်ရှိသည်။ သက်ဆိုင်ရာစာမေးပွဲစောင့် အရာရှိ/သင်တန်းမှူး ကို မေးနိုင်သည်။ ပြောသမျှကို စကားပြန်က ဘာသာပြန်ပေးရမည်။
၅။ စာဖြေချိန် ၂ နာရီ ရသည်။ ကောင်းကောင်းအချိန်ရသည့်အတွက် ဖြေပြီးသားအဖြေများကို ကိုယ့်ဘာသာပြန်လည်စိစစ်ရန် အချိန်ရှိသည်။ လိုအပ်လျှင် အချိန်ကိုအပြည့် အသုံးချပါ။ (များသောအားဖြင့် ၁ နာရီအတွင်း ပြီးစီးလေ့ရှိသည်)
အောင်မြင်ကြပါစေ။