|
တုပ်ကွေးရောဂါသစ်ကို မည်သို့ကာကွယ်ကြမည်နည်း။
တုပ်ကွေးရောဂါများသည် အများအားဖြင့် နှာချေခြင်၊ ချောင်းဆိုး ခြင်း တုပ်ကွေးဖျားနေသူများနှင့် အနီးကပ်ဆက်ဆံခြင်းတို့မှတဆင့် ကူးစက် တတ်သည်။
အောက်ဖော်ပြပါလမ်းညွှန်ချက်များကိုလိုက်နာခြင်းအားဖြင့် ရောဂါ ပြန့်ပွားမှုကိုထိန်းချုပ်နိုင်စေရန် သင်ပါဝင်ကူညီနိုင်ပါသည်။
သင့်ကို ရောဂါမကူးစက်နိုင်စေရန် မည်သို့ကာကွယ်နိုင်မည်နည်း။
Ø ကာကွယ်ဆေးထိုးခြင်းသည်အကောင်းဆုံးကာကွယ်နည်းဖြစ်သည်
Ø (ဖြစ်နိုင်ပါက) ဖျားနာနေသူများနှင့်နီးနီးကပ်ကပ်နေခြင်းမှ ရှောင် ကြဉ်ပါ။
တုပ်ကွေးရောဂါသည် နှာချေခြင်း၊ ချောင်းဆိုးခြင်းတို့မှတဆင့် အများဆုံးကူးစက်လေ့ရှိသည်။
Ø သင့်လက်များကို မကြာခဏ စင်ကြယ်စွာဆေးပါ။ အရက်ပျံပါသော ပိုးမွှားကင်းစင်ရေးဆေးရည်များဖြင့်ဆေးပါ။
သင့်ကိုရောဂါကူးစက်ထားသည်ဟု သံသယရှိလျှင် . . .
တုပ်ကွေးရောဂါသစ်ဟု ယူဆဖွယ်ရာ ရောဂါလက္ခဏာများမှာ . .
+ (ကိုယ်အပူချိန် ၃၈ ဒီဂရီ စင်တီဂရိတ် အထက်) ရုတ်တရက်ဖျားပြီး
+ အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာများဖြစ်သော ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ အသက်ရှူကြပ်ခြင်း စသည်တို့အပြင်
+ အထွေထွေလက္ခဏာများဖြစ်သည့် နေထိုင်မကောင်ခြင်း၊ ကိုယ်လက် ညောင်းညာကိုက်ခဲခြင်း သို့မဟုတ် ခေါင်းကိုက်ခြင်း။
+ အချို့လူများတွင် ဝမ်းလျှောခြင်း နှင့် အန်ခြင်း။
· သင်ကိုယ်တိုင် လွန်စွာနေထိုင်မကောင်းလျှင် - သို့မဟုတ် သင်ကိုယ်တိုင်ဖြစ်စေ သင်နှင့်အတူနေထိုင်သူဖြစ်စေ ရောဂါအန္တရာယ် ရှိသူများအုပ်စုတွင်ပါဝင်နေပြီး တုပ်ကွေးရောဂါလက္ခဏာများလည်း ပြသလာလျှင် ကျန်းမာရေးဌာနနှင့်ဆက်သွယ်ပါ။
· ရောဂါကင်းစင်ကြောင်းအတည်ပြှုနိုင်ချိန်အထိ အခြာသူများနှင့်နီးနီး ကပ်ကပ် မဆက်ဆံပါနှင့်။
တုပ်ကွေးသစ်ကို ကုသခြင်း
Tamiflu သည် Influensa A (H1N1) တုပ်ကွေးသစ်ခံစားနေရသည့် လူနာများကိုကုသနိုင်သော ဆေးဝါးဖြစ်သည်။ Tamiflu ဆေးကျွေးခြင်း အားဖြင့် ရောဂါသက်တမ်းကိုတိုစေပြီး ဝေဒနာခံစားမှု သက်သာစေသည်။ လိုအပ်ချက်တခုမှာ ရောဂါရလျှင်(နောက်အကျဆုံး ၄၈ နာရီအတွင်း) Tamiflu ဆေးဖြင့် တတ်နိုင်သမျှအစောဆုံးစတင်ကုသရန် လိုသည်။
သင်တုပ်ကွေးမိနေပါက သူတပါးထံမကူးစက်စေရန် ကာကွယ်ပါ။
ဗိုင်းရပ်စ်ပို ပြန့်ပွားမှုကို ဤသို့ကာကွယ်နိုင်ပါသည် -
· အိမ်တွင်နားနေပါ။ တုပ်ကွေးလက္ခဏာစတင်ပေါ်သည်မှ အနည်းဆုံး ၇ (ခုနစ်)ရက်ကြာပြီး ကောင်းစွာ အလုပ်ပြန်ဆင်းနိုင်ချိန်အထိ အိမ်တွင်အနားယူပါ။
· ဖျားနာသောကလေးများကိုလည်း ကျောင်းနှင့်နေ့ကလေးထိန်းဌာနများသို့မပို့ဘဲ အလားတူ ကြာရှည်စွာ အိမ်တွင်ထားပါ။
· ချောင်းဆိုးရာ နှာချေရာတွင် သူတပါးကိုမကူစက်စေရန် တခါသုံးစက္ကူလက်ကိုင်ပုဝါဖြင့် ပါးစပ်ကိုဖုံးကွယ်ပါ။ ပြီးလျှင် စွန့်ပစ်ပါ။
· တခါသုံး စက္ကူလက်ကိုင်ပုဝါမရပါက မိမိတံတောင်ဆစ်ကွေးထဲတွင်ကွယ်၍ ချောင်းဆိုး နှာချေပါ။
· လက်များကို မကြာခဏ သေချာစွာဆေးပါ။
· အရက်ပျံဖြင့်လက်ကိုသုတ်သင်စင်ကြယ်စေခြင်းသည် လက်ဆေးရန်မဖြစ်နိုင်သည့် အခါ များတွင် သုံးသင့်သော နည်းတနည်းဖြစ်သည်။
နေမကောင်းသူကို အိမ်တွင်ပြှုစုခြင်း
နေမကောင်းသူကိုပြှုစုရမည်ဆိုပါက အထက်ပါကူးစက်မှုကာကွယ်နည်းများကိုလိုက်နာခြင်းဖြင့် သင်နှင့်အခြားသူများကိုပါကူးစက်ခြင်းမှ ကာကွယ်ပါ။
· နေမကောင်းသူနှင့်ထိတွေ့ရသူ နည်းနိုင်သမျှနည်းပါစေ။ လူနာအတွက်အသုံးပြှုသောအခန်းလည်း နည်းနိုင် သမျှနည်းပါစေ။
· နေမကောင်းသူကို ကောင်းစွာအနားယူစေပြီး အရည်များများသောက်စေရန် ဂရုစိုက်ပါ။
(နေမကောင်းသူကို ပြှုစုနည်း အကျယ်ကို ဖတ်ရှုလေ့လာပါ။)
Kilde : http://www.pandemi.no/pandemi/smitte/


Risikogrupper
ရောဂါကူးစက်လွယ်သော လူအမျိုးအစားများ
Råd til personer med økt risiko for influensa og komplikasjoner
တုပ်ကွေးရောဂါနှင့် နောက်ဆက်တွဲဝေဒနာများ ကျရောက်လွယ်သူများအတွက် အကြံပေးချက်
Erfaringer fra andre land viser at noen grupper er mer utsatt for komplikasjoner og død av ny influensa A(H1N1). Disse gruppene vil få særlig oppmerksomhet med tanke på behandling ved sykdom, forebyggende behandling dersom husstandsmedlemmer er syke og sykehusinnlegging ved behov.
အခြာနိုင်ငံများ၏အတွေ့အကြှုံအရသိရသည်မှာ အချို့သောလူအမျိုးအစားများသည် နောက်ဆက် တွဲ ဝေဒနာများ ပိုမိုကျရောက် လွယ်ပြီး တုပ်ကွေးသစ် Influensa A(H1N1) ကြောင့် သေဆုံးကြရ သည်။ အဆိုပါလူအမျိုးအစားများကို ရောဂါကူးစက်ခံရလျှင် ဆေးကုသပေးခြင်း၊ အခြား အိမ်သား တဦးဦးရောဂါရနေပါက ၎င်းတို့ကိုကာကွယ်သောအနေဖြင့် ဆေးကုပေးခြင်းနှင့် လိုအပ်ပါက ဆေးရုံ တင် ကုသခြင်းတို့ဖြင့် အထူးဦးစားပေးကုသပါလိမ့်မည်။
Per 27.10.2009 regnes følgende som risikogrupper:
၂၇.၁ဝ.၂ဝဝ၉ နေ့အထိ သိရှိရသမျှ အောက်ပါတို့ကို ရောဂါရလွယ်သူ လူအမျိုးအစားများဟု သတ်မှတ်သည်။
· kroniske luftveissykdommer (inkludert astma med behov for stadig legemiddelbehandling eller innleggelser), spesielt personer med nedsatt lungekapasitet
နာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာ(အမြဲတမ်းဆေးကုနေရသူ သို့မဟုတ် ဆေးရုံတင်ရလေ့ရှိသူ ရင်ကြပ်ပန်းနာရောဂါသည် အပါအဝင်) ရောဂါသည်များ၊ အဆုတ်မကောင်းသူများ။
· kroniske hjerte/karsykdommer, spesielt personer med alvorlig hjertesvikt. Ukomplisert høyt blodtrykk regnes ikke som risiko
နာတာရှည် နှလုံးနှင့်နှလုံးသွေးကြောဆိုင်ရာ ရောဂါသည်များ၊ ဆိုးရွားစွာခံစားနေရသူနှလုံးရောဂါသည်များ။ (ရောဂါမထွေပြားသော သွေးတိုးရောဂါသည်များကို ရောဂါရလွယ်သူလူအမျိုးအစားဟု မသတ်မှတ်ပါ။)
· nedsatt forsvar mot infeksjoner, uansett årsak
အကြောင်းအမျိုးမျိုးကြောင့် ကူးစက်ရောဂါကိုခုခံရန် ကိုယ်ခံအား နည်းပါးနေသူများ။
· diabetes mellitus type 1 eller 2
သွေးချိုဆီးချိုရောဂါ အမျိုးအစား ၁ သို့မဟုတ် ၂ ရှိသူများ။
· kronisk nyresvikt (GFR<30 ml/min)
နာတာရှည် ကျောက်ကပ်ရောဂါသည်များ (ကျောက်ကပ်တွင်း ဆီးစစ်ချနှုန်း တမိနစ်လျှင် ၃ဝ မီလီလီတာ ထက် နည်းသူများ)။
· kronisk leversvikt
နာတာရှည် အသည်းရောဂါသည်များ။
· kronisk nevrologisk sykdom eller skade
နာတာရှည် အာရုံကြောရောဂါသည်များ သို့မဟုတ် အာရုံကြောထိခိုက်ထားသူများ။
· svært alvorlig fedme, dvs kroppsmasseindeks (BMI) over 40 kg/m2
အလွန်အမင်း ဝလွန်းသူများ၊ ကိုယ်လုံးကိုယ်ထည်ညွှန်းကိန်း(၄ဝ ကီလိုဂရမ်/စတုရန်းမီတာ)ထက် ပိုသူများ ကို ဆိုလိုသည်။
· Gravide
ကိုယ်ဝန်ဆောင်များ။
Personer som er over 65 år (inkludert beboere på alders- og sykehjem) smittes i mindre grad enn yngre personer av den nye influensaen, men hvis de først blir syke er de mer utsatt for komplikasjoner.
(လူအိုရုံ နှင့် နာလန်ထလူအိုရုံများတွင်နေထိုင်သူများအပါအဝင် အသက် ၆၅ နှစ်ထက်ကြီးသူများသည် ငယ်သူများလောက် တုပ်ကွေးသစ် မကူးစက်လွယ်သော်လည်း ရောဂါကူးစက်ခံရပါက နောက်ဆက်တွဲဝေဒနာများ ပိုမိုရလွယ်သည်။
Hvis du er i tvil om du tilhører risikogruppen, ta kontakt med behandlende lege.
သင့်ကိုယ်သင် မည်သည့်လူအမျိုးအစားတွင် ပါဝင်နေကြောင်းမသဲကွဲပါက သင့်ကိုကုသပေးနေ သော ဆရာဝန်နှင့်ဆက်သွယ် တိုင်ပင်ပါ။
Tilhører du noen av disse gruppene er det viktig at du kontakter fastlege eller legevakt:
သင်သည် အထက်ပါ ရောဂါရလွယ်သူလူအမျိုးအစားတခုခုတွင်ပါဝင်နေပြီး အောက်ပါ ရောဂါ လက္ခဏာများပြနေပါက သင့်ဆရာ ဝန် သို့မဟုတ် အရေးပေါ်လူနာဌာနနှင့် ဆက်သွယ်ရန် အရေးကြီးပါသည်။
သင့်တွင် ဤရောဂါလက္ခဏာများ ပေါ်ပေါက်နေလျှင် -
- Symptomer som kan tyde på ny influensa er: Akutt feber (over 38 grader) med luftveissymptom som hoste, vond hals eller tung pust og allmennsymptom som sykdomsfølelse, kroppsverk eller hodepine. En del får også diaré og oppkast.
+ (ကိုယ်အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်အထက်)ရုတ်တရက်ဖျားပြီး + အသက်ရှူ လမ်းကြောင်းဆိုင်ရာ လက္ခဏာများဖြစ်သော ချောင်းဆိုးခြင်း၊ လည်ချောင်းနာ ခြင်း၊ အသက်ရှူကြပ်ခြင်း စသည်တို့အပြင် + အထွေထွေလက္ခဏာများဖြစ်သည့် နေထိုင်မကောင်ခြင်း၊ ကိုယ်လက်ညောင်းညာကိုက်ခဲခြင်း သို့မဟုတ် ခေါင်းကိုက် ခြင်း။ + အချို့လူများတွင် ဝမ်းလျှောခြင်းနှင့်အန်ခြင်း။
- Husk at små barn med feber kan ha diffuse symptomer som utilpasshet, sutring, brekninger og vegring mot mat/drikke.
ကလေးငယ်များဖျားနာပါက မပြင်းထန်သောလက္ခဏာများဖြစ်သည့် မအီမသာဖြစ် ခြင်း၊ ငိုငြီးခြင်း၊ ပျို့အန် ခြင်း အစားအသောက်မစားသောက်လိုခြင်းများ ခံစားရ တတ်သည်ကိုသတိပြှုပါ။
- hvis noen du bor sammen med blir syk
သင်နှင့်အတူနေသူ တဦးဦး ဖျားနာလာပါလျှင်
- hvis du vet at du har vært utsatt for smitte
သင့်ကို ရောဂါကူးစက်နိုင်ဖွယ်ရာ တခုခုဖြစ်ပျက်ခဲ့ကြောင်း သိရှိခဲ့ပါလျှင်
Leger bør ta prøve av pasienter med økt risiko for alvorlig sykdom og ha lav terskel for å gi en foreløpig influensadiagnose og starte behandling inntil prøvesvar foreligger.
ဆရာဝန်သည် ရောဂါပြင်းထန်စွာကျရောက်ဖွယ်ရှိသော လူအမျိုးအစားများဖြစ်သည့်လူနာကို စစ်ဆေးမှုပြှုလုပ်ကာ တုပ်ကွေး သစ်ဟု ယာယီရောဂါသတ်မှတ်ချက်ပေးကာ စမ်းသပ်စစ်ဆေးမှုမှ ခိုင်လုံသောအဖြေမရသေးမီ ဆေးကုသမှုကို စတင်ပေးသင့် သည်။
Kontakt alltid lege hvis tilstanden til den/de som er syke forverrer seg.
ဖျားနာနေသူ/များ၏ လူနာအခြေအနေ ပိုမိုဆိုးရွားလာပါက ဆရာဝန်နှင့် မပျက်မကွက်ဆက်သွယ်ပါ။
Ring lege straks dersom den syke:
ဆရာဝန်ထံ ချက်ချင်းဖုန်းဆက်ရန်လိုသည့် အခြေအနေများမှာ . . . လူနာတွင်
- har tegn på å være dehydrert/uttørret, som tørrhet i munnen og særlig sparsom vannlating
ကိုယ်ရည်ခန်းခြောက်လာသည့် လက္ခဏာများဖြစ်သော နှုတ်ခမ်းခြောက်ခြင်း၊ အထူးသဖြင့် ဆီးအထွက်နည်းခြင်းများ ဖြစ်ပေါ် လာလျှင်
- kaster opp og har problemer med å holde på drikke slik at det er fare for uttørring.
ပျို့အန်ပြီးအရည်မသောက်နိုင်တော့သဖြင့် ကိုယ်ရည်/ရေဓာတ်ခန်းခြောက်မည့်အန္တရာယ်ရှိလာလျှင် ဆရာဝန်ထံ ချက်ချင်းဖုန်းဆက်ရန်လိုသည်။
Ring 113 dersom den syke:
လူနာတွင် အောက်ပါလက္ခဏာများ ပြလာပါက အရေးပေါ်နံပါတ် ၁၁၃ သို့ဖုန်းဆက်ပါ။
- har tungt for å puste eller har smerter i brystet
အသက်ရှူကြပ်ပြီး ရင်ပတ်အောင့်လာလျှင်
- har fiolett eller blålig farge på leppene
နှုတ်ခမ်းများ ခရမ်းရောင် သို့မဟုတ် အပြာရောင်သန်း(ပြာနှန်း)လာလျှင်
အကြောဆွဲပြီး တက်နေလျှင်
- ikke reagerer som normalt eller virker forvirret
ပုံမှန်ပြန်လည်ပြောဆိုဖြေကြားနိုင်မှုမရှိလျှင် သို့မဟုတ် စိတ်ကယောင်ချောက်ချားဖြစ်နေလျှင် အရေးပေါ်ဖုန်းနံပါတ် ၁၁၃ သို့ ဖုန်းဆက်ပါ။
[Publisert: 14.08.2009] [Sist endret: 06.11.2009]
[ ထုတ်ပြန်သည့်နေ့စွဲ - ၁၄.ဝ၈.၂ဝဝ၉] [နောက်ဆုံးပြင်ဆင်ခဲ့သည့်နေ့စွဲ - ဝ၆.၁၁.၂ဝဝ၉ ]
Kilde: http://www.pandemi.no/pandemi/risikogrupper/
Risikogrupper
ရောဂါကူးစက်လွယ်သော လူအမျိုးအစားများ
Råd til personer med økt risiko for influensa og komplikasjoner
တုပ်ကွေးရောဂါနှင့် နောက်ဆက်တွဲဝေဒနာများ ကျရောက်လွယ်သူများအတွက် အကြံပေးချက်
အခြာနိုင်ငံများ၏အတွေ့အကြှုံအရသိရသည်မှာ အချို့သောလူအမျိုးအစားများသည် နောက်ဆက်တွဲ ဝေဒနာများ ပိုမိုကျရောက်လွယ်ပြီး တုပ်ကွေးသစ် Influensa A(H1N1) ကြောင့် သေဆုံးကြရသည်။ အဆိုပါ လူအမျိုးအစားများကို ရောဂါကူးစက်ခံရလျှင် ဆေးကုသပေးခြင်း၊ အခြား အိမ်သားတဦးဦး ရောဂါရနေပါက ၎င်းတို့ကိုကာကွယ်သောအနေဖြင့် ဆေးကုပေးခြင်းနှင့် လိုအပ်ပါက ဆေးရုံတင် ကုသခြင်းတို့ဖြင့် အထူးဦးစားပေးကုသပါလိမ့်မည်။
၂၇.၁ဝ.၂ဝဝ၉ နေ့အထိ သိရှိရသမျှ အောက်ပါတို့ကို ရောဂါရလွယ်သူ လူအမျိုးအစားများဟု သတ်မှတ်သည်။
· နာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာ(အမြဲတမ်းဆေးကုနေရသူ သို့မဟုတ် ဆေးရုံတင်ရလေ့ရှိသူ ရင်ကြပ်ပန်းနာရောဂါသည် အပါအဝင်)ရောဂါသည်များ၊ အဆုတ် မကောင်းသူများ။
· နာတာရှည် နှလုံးနှင့်နှလုံးသွေးကြောဆိုင်ရာ ရောဂါသည်များ၊ ဆိုးရွားစွာခံစားနေရသူ နှလုံးရောဂါသည်များ။ (ရောဂါမထွေပြားသော သွေးတိုးရောဂါသည်များကို ရောဂါရ လွယ်သူလူအမျိုးအစားဟု မသတ်မှတ်ပါ။)
· အကြောင်းအမျိုးမျိုးကြောင့် ကူးစက်ရောဂါကိုခုခံရန် ကိုယ်ခံအား နည်းပါးနေသူများ။
· သွေးချိုဆီးချိုရောဂါ အမျိုးအစား ၁ သို့မဟုတ် ၂ ရှိသူများ။
· နာတာရှည် ကျောက်ကပ်ရောဂါသည်များ (ကျောက်ကပ်တွင်း ဆီးစစ်ချနှုန်း တမိနစ် လျှင် ၃ဝ မီလီလီတာထက် နည်းသူများ)။
· နာတာရှည် အသည်းရောဂါသည်များ။
· နာတာရှည် အာရုံကြောရောဂါသည်များ သို့မဟုတ် အာရုံကြောထိခိုက်ထားသူများ။
· အလွန်အမင်း ဝလွန်းသူများ၊ ကိုယ်လုံးကိုယ်ထည်ညွှန်းကိန်း(၄ဝ ကီလိုဂရမ်/စတုရန်း မီတာ)ထက် ပိုသူများကို ဆိုလိုသည်။
· ကိုယ်ဝန်ဆောင်များ။
(လူအိုရုံ နှင့် နာလန်ထလူအိုရုံများတွင်နေထိုင်သူများအပါအဝင်) အသက် ၆၅ နှစ်ထက်ကြီးသူများ သည် ငယ်သူများလောက် တုပ်ကွေးသစ် မကူးစက်လွယ်သော်လည်း ရောဂါကူးစက်ခံရပါက နောက်ဆက်တွဲဝေဒနာများ ပိုမိုရလွယ်သည်။
သင့်ကိုယ်သင် မည်သည့်လူအမျိုးအစားတွင် ပါဝင်နေကြောင်းမသဲကွဲပါက သင့်ကို ကုသပေးနေ သော ဆရာဝန်နှင့်ဆက်သွယ် တိုင်ပင်ပါ။
သင်သည် အထက်ပါ ရောဂါရလွယ်သူလူအမျိုးအစားတခုခုတွင်ပါဝင်နေပြီး အောက်ပါရောဂါ လက္ခဏာများပြနေပါက သင့်ဆရာဝန် သို့မဟုတ် အရေးပေါ်လူနာဌာနနှင့် ဆက်သွယ်ရန် အရေးကြီးပါသည်။
-
သင့်တွင် ဤရောဂါလက္ခဏာများ ပေါ်ပေါက်နေလျှင် -
-
(ကိုယ်အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်အထက်) ရုတ်တရက်ဖျားပြီး + အသက်ရှူ လမ်းကြောင်းဆိုင်ရာ လက္ခဏာများဖြစ် သော ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ အသက်ရှူကြပ်ခြင်း စသည်တို့အပြင် +အထွေထွေ လက္ခဏာများဖြစ်သည့် နေထိုင် မကောင်ခြင်း၊ ကိုယ်လက်ညောင်းညာကိုက်ခဲခြင်း သို့မဟုတ် ခေါင်းကိုက်ခြင်း + အချို့ လူများတွင် ဝမ်းလျှောခြင်း နှင့်အန်ခြင်း။
-
ကလေးငယ်များဖျားနာပါက မပြင်းထန်သောလက္ခဏာများဖြစ်သည့် မအီမသာ ဖြစ်ခြင်း၊ ငိုငြီးခြင်း၊ ပျို့အန်ခြင်း အစားအသောက်မစားသောက်လိုခြင်းများ ခံစားရ တတ်သည်ကိုသတိပြှုပါ။
-
သင်နှင့်အတူနေသူ တဦးဦး ဖျားနာလာပါလျှင်
-
သင့်ကို ရောဂါကူးစက်နိုင်ဖွယ်ရာ တခုခုဖြစ်ပျက်ခဲ့ကြောင်း သိရှိခဲ့ပါလျှင် . . . သင့်ဆရာဝန် သို့မဟုတ် အရေးပေါ်လူနာ ဌာနနှင့် ဆက်သွယ်ပါ။
ဆရာဝန်သည် ရောဂါပြင်းထန်စွာကျရောက်ဖွယ်ရှိသော လူအမျိုးအစားများဖြစ်သည့်လူနာကို စစ်ဆေးမှုပြှုလုပ်ကာ တုပ်ကွေးသစ်ဟု ယာယီရောဂါသတ်မှတ်ချက်ပေးကာ စမ်းသပ်စစ်ဆေးမှုမှ ခိုင်လုံသောအဖြေမရသေးမီ ဆေးကုသမှုကို စတင်ပေးသင့် သည်။
ဖျားနာနေသူ/များ၏ လူနာအခြေအနေ ပိုမိုဆိုးရွားလာပါက ဆရာဝန်နှင့် မပျက်မကွက်ဆက်သွယ်ပါ။
ဆရာဝန်ထံ ချက်ချင်းဖုန်းဆက်ရန်လိုသည့် အခြေအနေများမှာ . . . လူနာတွင်
-
ကိုယ်ရည်ခန်းခြောက်လာသည့် လက္ခဏာများဖြစ်သော နှုတ်ခမ်းခြောက်ခြင်း၊ အထူးသဖြင့် ဆီးအထွက်နည်းခြင်းများ ဖြစ်ပေါ် လာလျှင်
-
ပျို့အန်ပြီးအရည်မသောက်နိုင်တော့သဖြင့် ကိုယ်ရည်/ရေဓာတ် ခန်းခြောက်မည့် အန္တရာယ် ရှိလာလျှင် . . . ဆရာဝန်ထံ ချက်ချင်း ဖုန်းဆက်ရန်လိုသည်။
လူနာတွင် အောက်ပါလက္ခဏာများ ပြလာပါက အရေးပေါ်နံပါတ် ၁၁၃ သို့ဖုန်းဆက်ပါ။
-
အသက်ရှူကြပ်ပြီး ရင်ပတ်အောင့်လာလျှင်
-
နှုတ်ခမ်းများ ခရမ်းရောင် သို့မဟုတ် အပြာရောင်သန်း(ပြာနှန်း)လာလျှင်
-
အကြောဆွဲပြီး တက်နေလျှင်
-
ပုံမှန်ပြန်လည်ပြောဆိုဖြေကြားနိုင်မှုမရှိလျှင် သို့မဟုတ် စိတ်ကယောင်ချောက်ချား ဖြစ်နေ လျှင် အရေးပေါ်ဖုန်းနံပါတ် ၁၁၃ သို့ ဖုန်းဆက်ပါ။
[ ထုတ်ပြန်သည့်နေ့စွဲ - ၁၄.ဝ၈.၂ဝဝ၉] [နောက်ဆုံးပြင်ဆင်ခဲ့သည့်နေ့စွဲ - ဝ၆.၁၁.၂ဝဝ၉ ]
Kilde: http://www.pandemi.no/pandemi/risikogrupper/
|